- ချောက်၊ညောင်ဦး၊စစ်ကိုင်း၊တံတားဦး၊တောင်တွင်းကြီး၊မန္တလေးနဲ့ဇောင်းတူ မြို့တို့ဖြစ်
မြန်မာနိုင်ငံမြို့(၇)မြို့မှာ ဧပြီလ၂၈ရက်နေ့ တိုင်းထွာချက်များအရ ဧပြီလရဲ့ အပူချိန်စံချိန်သစ်များ တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ချောက် ၄၈.၂ ဒီဂရီဆဲလ်စီးရပ်၊ညောင်ဦး ၄၆.၀ ဒီဂရီဆဲလ်စီးရပ်၊စစ်ကိုင်း ၄၅. ၅ ဒီဂရီဆဲလ်စီးရပ်၊တံတားဦး ၄၅.၅ ဒီဂရီဆဲလ်စီးရပ်၊တောင်တွင်းကြီး ၄၅.၀ဒီဂရီဆဲလ်စီးရပ်၊မန္တလေး၄၄.၈ ဒီဂရီဆဲလ်စီးရပ်နဲ့ဇောင်းတူ ၄၃.၁ဒီဂရီဆဲလ်စီးရပ် တို့ဖြစ်ပါတယ်။
Visited 37 times, 1 visit(s) today



