မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီ ဆင်ဆာတင်ပြရမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူများနှင့် ထုတ်လုပ်ရေးများအနေဖြင့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီဇာတ်လမ်း ခွင့်ပြုချက်ရယူရေးအတွက်ဇာတ်လမ်းအကျဉ်းနှင့် အခန်းစဉ်များကို ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြောင်းကြားထားကြောင်းဖော်ပြထားသည်။
ယင်းကြောင့်ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူများနှင့် ထုတ်လုပ်သူများ အနေဖြင့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီ ဇာတ်လမ်းအကျဉ်းနှင့် အခန်း စဉ်များကို ဗီဒီယိုဆင်ဆာအဖွဲ့သို့ သြဂုတ်လ ၁ ရက်က စ၍ ကြိုတင်တင်ပြရန် နှင့်ဗီဒီယိုဆင်ဆာအဖွဲ့သို့ ဇာတ်လမ်းတင်ပြမှုမရှိဘဲ ရိုက်ကူးသော ရုပ်သံ ဇာတ်လမ်းတွဲများကို တင်ပြလာပါက ဆင်ဆာကြည့်ရှု စစ်ဆေးခြင်းကို ဆောင်ရွက် ပေးမည်မဟုတ်ကြောင်း လည်း ရုပ်ရှင်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။