မြန်မာကုန်သည်များအား “World Design Assembly Tokyo” တွင် ပါဝင်ပြသနိုင်ရန် ဂျပန် ဖိတ်ခေါ်

၆ အောက်တိုဘာ၊၂၀၂၃

မြန်မာကုန်သည်များအား “World Design Assembly Tokyo” တွင် ပါဝင်ပြသနိုင်ရန် ဂျပန် ဖိတ်ခေါ်ထား ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က သိရသည်။

ယင်းကို အောက်တိုဘာလ (၂၇) ရက်မှ (၂၉) ရက်ထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်သည်။

“World Design Assembly” နဲ့ အတူ အာဆီယံ-ဂျပန် နှစ် (၅၀) ပြည့် ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အထိမ်းအမှတ် အဖြစ် အာဆီယံ နဲ့ ဆက်စပ်တဲ့ အခမ်းအနားတွေကိုလည်း ကျင်းပသွားမယ်လို့ သိရပါတယ်”ဟု မြန်မာကုန်သည်တစ်ဦးက ဆိုသည်။

အာဆီယံ – ဂျပန်စင်တာ (AJC) ၏ ဖိတ်ကြားချက်တွင် Japan Institute of Design Promotion (JDP)၊ World Design Assembly နှင့် အာဆီယံဒေသတွင်း တီထွင်ဆန်းသစ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မြှင့် တင်ရေး ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အာဆီယံဒေသတွင်း နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ထုတ်ကုန်များ၊ ဒီဇိုင်းထုတ်ကုန်များ၊ ပြသနိုင်ရေး ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ပြပွဲအတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလျှင် ကုမ္ပဏီ (၅) ခု (သို့မဟုတ်) ထုတ်ကုန် (၅) ခုစီ ပြသနိုင်ပြီး ပြခန်းကို အာဆီယံ-ဂျပန်စင်တာမှ ပံ့ပိုးမည်ဖြစ်ကာ ကျန်ကုန်ကျစရိတ်ကို ပြသသည့်ကုမ္ပဏီမှ ကျခံရမည်ဖြစ် ကြောင်း သိရသည်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *