မြန်မာကလာတဲ့ လှေစီးရွှေ့ပြောင်း နေထိုင်သူ ၃၀၀ ဝန်းကျင်ကို မလေးရှားက နှင်ထုတ်

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၄

မလေးရှားနိုင်ငံကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်နေတဲ့သူ  ၃၀၀ ဝန်းကျင်ရဲ့  ကူးတို့သင်္ဘောနှစ်စီးကို နိုင်ငံရေပိုင်နက်ကနေ  နှင်ထုတ်ခဲ့တယ်လို့ ကွာလာလမ်ပူက  စနေနေ့ (ဇန်နဝါရီ ၄ ရက်) မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရွှေ့ပြောင်းလာသူတွေ နေထိုင်နေတဲ့ ကူးတို့လှေတွေဟာ လန်ကာဝီ မြောက်ပိုင်းအပန်းဖြေစခန်းရဲ့ အနောက် တောင်ဘက် ရေမိုင် နှစ်မိုင် (၃.၇ ကီလိုမီတာ) မှာ တည်ရှိတဲ့အကြောင်း မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) က  ပြောဆိုပါတယ်။

“MMEA ဟာ  ကူးတို့နှစ်စင်းကို  အမျိုးသား ရေကြောင်းပိုင်နက် အပြင်ဘက်ကို နှင်မထုတ်မီ အစားအသောက်နဲ့ သန့်ရှင်းတဲ့ရေ အပါအဝင် အကူအညီတွေ ပေးအပ်ခဲ့ပါတယ်” လို့  ညွှန်ကြားရေးမှူးချုပ် Mohd Rosli Abdullah က ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း သိရပါတယ်။

နှင်ထုတ်ခဲ့တဲ့ ကူးတိုပေါ်က သူတွေဟာ  မြန်မာနိုင်ငံဘက်က  ရိုဟင်ဂျာ တွေ ဖြစ်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရ သိရပါတယ်။

Ref: AFP

ပုံစာ။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံး မြင်ကွင်းတစ်ခု( ဓါတ်ပုံ- Reuters/Hasnoor Hussain)

Visited 41 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *