မြစ်ကြီးနားမှာ ဖုန်းအားသွင်းရင်း ပေါက်ကွဲမှုဖြစ်ပြီး အမျိုး သားတစ်ဦး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်၊ နယ် မြေ၂၃က နေအိမ်တစ်အိမ်မှာ ဇန်နဝါရီလ၁၅ရက် ည ၈နာရီ၁၅မိနစ်ဖုန်းအားသွင်းထားရာကနေ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့တာကြောင့် အသက်၄၂အရွယ် အမျိုး သားတစ်ဦး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း(မြစ်ကြီးနား)က သိရပါတယ်။

မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အမျိုးသားကို မျိုးဆက်သစ်လူမူကယ်ဆယ်ရေးအသင်းက မော်တော်ယာဥ်နဲ့ မလိဇွပ်ဆေးရုံကနေ မြစ်ကြီးနားမြို့ဆေးရုံကြီးကို ပို့ ဆောင်ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *