ဇန်နဝါရီ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ မန်ခိန်လမ်းမှာ ဇန်နဝါရီလ၁၅ရက်နေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။



မိနစ်၄၀နီးပါးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့ နယ်မီးသတ်စခန်းနဲ့(၂)မိုင်ခန့်အကွာမှာနေအိမ်တစ်လုံးကနေ စ တင်လောင်ကျွမ်းခဲ့ရတာလို့ မြို့ခံအချို့က ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊မီးငြှိမ်းသတ်ယာဥ်(၁)စီး၊ရေသယ်ယာဥ်(၂)စီးတို့နဲ့ ငြိမ်းသတ်ခဲ့ရပြီးဘာကြောင့်လောင်တယ် ဆိုတာနဲ့ ပျက်စီး ဆုံးရှုံးမူအခြေအ နေကိုတော့ မသိရသေးဘူးလို့ မီး သတ်တပ်ဖွဲ့ဆီက သိရပါတယ်။
Visited 63 times, 1 visit(s) today



