မြစ်ကြီးနားမြို့မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၄) လုံး မီးလောင်ဆုံးရှုံးခဲ့ရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်၊နယ်မြေ (၁၁)မှာ ဒီဇင်ဘာ၁၉ရက် မွန်းလွဲ၁နာရီခွဲက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်အမှတ်(၂၆၄၊၂၆၅၊၂၆၆၊၂၆၇) နေအိမ်(၄ )လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

“နေအိမ်တွေက ကပ်နေတော့ မီးလောင်တာခဏလေးကို အိမ်လေးလုံးလောက် မီးထဲပါသွားတယ်။ဘယ်ကနေ ဘယ် လို လောင်သွားတာလဲတော့ သေချာမသိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းနဲ့ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက စိစစ်တွက်ချက်နေဆဲဖြစ်ပြီး မီးလောင်မှူဖြစ်ပွားရာကို ကချင်ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင်(၂၉)ဦးနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ်(၁)စီး၊ရေသယ်ယာဥ်(၃) စီးတို့နဲ့ သွား ရောက် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *