ဘယ်အဖွဲ့က ဘာကြောင့် တိုက်ခိုက်ခဲ့ရ သလဲဆိုတာကိုတော့ မသိရသေး
နွားထိုးကြီး၊ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊လျှော်ဖြူကျေးရွာအနီး၊ မြင်းခြံ-နွားထိုးကြီး ကားလမ်းမှာ မတ်လ၃၁ရက် ညနေ၃နာရီခွဲ ခန့် မော်တော်ယာဉ်တစ်စီး မိုင်းဆွဲ တိုက် ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ကားဟာ နွားထိုး ကြီးမြို့နယ်၊ဝက်လူးကျေးရွာမှာ ဖျော်ဖြေရေး လုပ်ပြီး ပြန်လာတဲ့မင်းဘူးမြို့က ဂီတစက်ဝိုင်း တေးဂီတအဖွဲ့သားတွေလိုက်ပါလာတဲ့ Super Customမော်တော်ယာဉ်ဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် တေးဂီတအဖွဲ့က ဒေါ် ဇွန်ဇင်ဇင်ထွန်းဆိုသူဟာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။