မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့၊အမှတ် (၇)ရပ်ကွက်၊စည်ပင်သာယာဈေးကြီးမြောက်ဘက်က နီနီလွင်ရွှေဆိုင်မှာ ဇွန် လ၈ရက် မွန်းလွဲ၁နာရီ၄၅မိနစ်က ဓားပြ တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဆိုင် တံခါးဖွင့် မပေးတဲ့ရွှေဆိုင်ပိုင်ရှင်ကို ဓားပြအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ရွှေဆိုင် ပိုင်ရှင် မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

ဖြစ်စဉ်မှာ ဇွန်လ၈ရက် မွန်းလွဲ၁နာရီ၄၅ မိနစ်က မြင်းခြံမြို့၊အမှတ်(၇) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီးမြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ဆိုင်ကယ်၂စီးနဲ့ သေ နတ်အတိုတစ်လက်၊အရှည်တစ်လက်ကိုင်ဆောင်လာတဲ့ ဓားပြအဖွဲ့ဝင်၄ယောက် ရောက်ရှိလာပြီး ဓားပြတိုက်ဖို့ လုပ်ဆောင် ခဲ့တာကြောင့် ရွှေဆိုင်ပိုင်ရှင် ဦးဇော်နိုင် ထွန်း(၅၁)နှစ်မှာ ရွှေဆိုင်အတွင်း တံခါး သော့ပိတ်လိုက်ရာ ဓားပြအဖွဲ့မှာ ဆိုင် အတွင်းဝင်မရတော့တာကြောင့် တံခါးကြား ကနေ သေနတ်နဲ့၄ ချက်ခန့်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ရာ ဆိုင်ရှင်ဖြစ်သူ ဦး ဇော်နိုင်ထွန်းမှာ ဦးခေါင်းပွင့်ထွက် ဒဏ် ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှာ ၉-မမ ကျည်ခွံ ၁ ခု၊ M-22 ကျည်ခွံ ၃ ခုတို့ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
