မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊နယ်မြေ(၁၁)က ရေတွင်းထဲကိုဇွန်လ၅ရက်မနက်၉နာရီ၄၅မိနစ်က အမျိုးသားနှစ်ယောက် ပြုတ်ကျသေဆုံးခဲ့တယ်လု့ိ သိရပါတယ်။
ရေတွင်းထဲပြုတ်ကျခဲ့တဲ့အမျိုးသားနှစ်ယောက်ကို မြင်းခြံခရိုင်/မြို့နယ်မီးသတ် စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ် ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပေမယ့် ရုပ်အလောင်းများ ကိုသာဆယ်ယူရရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးသွားခဲ့သူနှစ်ယောက်ရဲ့ရုပ်အလောင်းကို အဖြူရောင်လက်များပရဟိတ လူမှုကူ ညီရေးအသင်းယာဉ်နဲ့ မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။

