မျှော်လင့်ချက်နဲ့ ကိုယ်စားပြုမှုတွေကြား အဟပ်ကွာလာတဲ့ စင်္ကာပူနိုင်ငံရေးခေါင်းဆောင်မှု

  • စင်္ကာပူရဲ့ နိုင်ငံရေး အခင်းအကျင်းက ဘာများလည်း မေးခွန်းတွေ ရှိလာသလို ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ အရည်အသွေးအပေါ်  ဘယ်လိုတွေ မျှော်လင့် ရမှာလည်း စတဲ့ မေးခွန်း တွေ ထွက်လာခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌဟောင်း တန်ချွမ်: ဂျင်၊ ပါလီမန်အမတ်ဟောင်း  ချန်းလီ ဝေး၊ အလုပ်သမားပါတီ (WP) အဖွဲ့ဝင်ဟောင်း နီကိုးလ်း ဆီး  နဲ့  WP လွှတ်တော်အမတ်ဟောင်း  လီယွန် ပါရာရာ ( ယာမှ ဝဲ)
Photo Credit: www.parliament.gov.sg၊ Instagram/@cheng_lihui၊ CNA

အာဏာရပါတီနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေရဲ့  အကျင့်စရိုက်တွေနဲ့ ပတ်သက်ပြီး  အငြင်းပွားစရာတွေ ဆက်တိုက် ဖြစ် ပြီးတဲ့နောက် စင်္ကာပူခေါင်းဆောင်တွေ အနေနဲ့  နိုင်ငံရေးဆန်းစစ်မှုတွေ လုပ်ဖို့လိုပြီလို့  မူဝါဒလေ့လာရေးအင်စတီကျုရဲ့ တာဝန်ရှိသူ ဒေါက်တာ ဂီလန် ကော့ က ပြောဆိုလိုက်ပါတယ်။

ပါလီမန်အမတ် လီယွန် ပါရာရာနဲ့ မစ္စ နီကိုးလ်ဆီးတို့ဟာ သူတို့ရဲ့ အိမ်ထောင်ရေး ပြသနာတွေကြောင့် အိမ်ထောင်တွေ ကွဲပြီး နောက်တော့  အတိုက်အခံ အလုပ်သမားပါတီ (WP) ကနေ  နုတ်ထွက်လိုက်ပြီ ဆိုတဲ့ သတင်းက ဇူလိုင် ၁၉ရက် ဗုဒ္ ဓဟူးနေ့မှာ ထွက်လာခဲ့ပါတယ်။ ဒိနောက် သုံးလေးရက်အကြာ တနင်္လာနေ့မှာတော့  ပါလီမန်အမတ်တွေရဲ့ ကြေညာ ချက် တွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ စီကနဲ  ထွက်လာခဲ့ပါတယ်။ တစ်ပြိုင်တည်း  ပါလီမန်ဥက္ကဋ္ဌဟောင်း တန်ချွမ်း ဂျင် အပါ အဝင် လွှတ်တော်အမတ် ချန်းလီဝေးကလည်း  ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါဟာ ပြည်တွင်း နိုင်ငံရေးမှာ ဆက်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ဖြစ်ရပ်တွေ ရဲ့ နောက်ဆုံး ဖြစ်ရပ်လို့ လေ့လာသူ တွေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကလည်း ပို့ဆောင်ရေးဝန်ကြီး အက် ဆိုက်ဝါရန် ကို အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေး ရေးဗျူရို (CPIB) က ထိန်းသိမ်းခဲ့ပါတယ်။

အခု့လို ဖြစ်နေတဲ့ အပေါ်  စင်္ကာပူရဲ့ နိုင်ငံရေး အခင်းအကျင်းက ဘာများလည်း မေးခွန်းတွေ ရှိလာသလို ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အရည်အသွေးအပေါ်  ဘယ်လိုတွေ မျှော်လင့် ရမှာလည်း စတဲ့ မေးခွန်း တွေ ထွက်လာခဲ့ပါတယ်။

ကိုယ်စားပြုမှုကိစ္စနဲ့ လွတ်တော်အမတ်နေရာများ

ပထမအချက်က လစ်လပ်နေတဲ့  ပါလီမန်အမတ်နေရာတွေအတွက် သက်ရောက်မှုပဲ ဖြစ်ပါတယ်။ သက်ရောက်မှု အနေနဲ့ က  ပါလီမန်ထိုင်ခုံ ငါးနေရာ  (PAP ပါတီက ၃ နေရာနဲ့  WP ပါတီက နှစ်နေရာ) က ကိုယ်စားပြုမှု လုံလောက်၊ မလုံလောက် ဆိုတဲ့ ကိစ္စပါ။ ဒိအပြင်  လူနည်းစု အတွက် ကိုယ်စားပြုမှုနဲ့ ပတ်သက် ပြီးလည်း  မေးခွန်းထုတ်စရာ တွေ ရှိလာနေ ပြန်ပါ တယ်။။

မစ္စတာအက်ဆိုက်ဝါရန် ဟာ  အောက်လွှတ်တော်မှာ အဖွဲ့ဝင် အနေနဲ့ ဆက်လက်ရှိနေပေမယ့် CPIB ရဲ့ စုံစမ်းစစ်ဆေးမှုတ ပျက်ကွက်နေချိန် West Coast GRC မှာ အမတ်တစ်ယောက်တာဝန်တွေကို မထမ်းဆောင် နိုင်ခဲ့တာ ဟာလည်း လူနည်းစု တွေ အတွက် ကိုယ်စားပြုမှု ကွာဟလာတယ်ဆိုတဲ့ အချက်ကလည်း အရေးပါ လာခဲ့ပါတယ်။

ဒီနေရာတွေကို ဖြည့်ဖို့ အထွေထွေ ရွေးကောက်ပွဲ လုပ်တော့မှာလား

လက်ရှိ ၁၄ ကြိမ်မြောက်လွှတ်တော်သက်တမ်းမကုန်မီ နှစ်နှစ်အလိုမှာတော့  ဝန်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့ အစိုးရ က အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ အတွက် သူ့အစိုးရမှာ မူဝါဒအပြည့်အ၀ရှိတယ်လို့လည်း ပြောထားတာ ရှိနေပြန် ပါ တယ်။

ကြားဖြတ် ရွေးကောက်ပွဲကိုလည်း မျှော်လင့်လို့ မရပါဘူး။  တစ်ချိန်တုန်းက GRCs အမတ်တစ်ယောက် ဆုံးရှုံးခဲ့ ရတဲ့ ကာလတွေမှာတောင်မှ မစ္စတာလီ က အဲဒီလို မလုပ်ခဲ့ဘူးလို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။

ဖော်ပြခဲ့တာတွေက အခုကာလမှာ လက်တွေ့ အကျပ်ဆိုက်နေတဲ့ စင်္ကာပူရဲ့ နိုင်ငံရေး အရှုပ်ထွေးတွေရဲ့ တစ်စိတ်တစ်ပိုင်း ပုံရိပ်တွေပါ။

ဒီပုံရိပ်တွေ ကို ပိုပြီး ပေါ်လွင်စေတာက ဆယ်စုနှစ် လေးစုလောက်အတွင်း ထူးထူးခြားခြား ဖြစ်စဉ် အနေနဲ့ အဆင့်မြင့် ရာထူးထမ်းဆောင်နေတဲ့ ဝန်ကြီးတစ်ယောက်ကို အဂတိမှု နဲ့ ဖမ်းဆီးလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရာထူးအတွက် တစ်ပြေးနေတဲ့ ဥပဒေပြု့ ပါလီမန်အမတ် လီယွန် ပါရာရာနဲ့ မစ္စ နီကိုးလ်ဆီးတို့လည်း လက်ရှိနိုင်ငံရေး အခင်းအကျင်းကနေ နုတ်ဆက် ထွက်ခွာသွားခဲ့ကြသလို လက်ရှိအစိုးရ ဝန်ကြီး အက်စ် အစ္စဝါရန်နဲ့ ဘီလျံ နာ သူဌေးကြီး အွန်ဘန်ဆိုင်းတို့ကို ဖမ်းဆီးလိုက်တဲ့ နောက်မှာတော့ စင်္ကာပူရဲ့ နိုင်ငံရေးပွင့်လင်း မြင်သာမှု က တော်တော့်ကို မေးခွန်းထုတ်စရာတွေ ဆက်တိုက် ထွက်ပေါ်လာနေခဲ့ပါတယ်။

စင်္ကာပူနိုင်ငံဟာ ဗြိတိသျှတို့ရဲ့ လက်အောက်က ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ လွတ်မြောက်ခဲ့ ပြီးက တည်းက ပါလီ မန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူမှာ သမ္မတနဲ့ ဝန်ကြီးချုပ် ဆိုတဲ့ အမြင့်ဆုံးရာထူးနေရာနှစ်ခုရှိပြီး သမ္မတ ကတော့ တိုင်းပြည်ရဲ့ ပုံရိပ်တစ်ခု အနေနဲ့ သာရှိပြီး ဝန်ကြီးချုပ် ကတော့  အစိုးရအကြီးအကဲဖြစ်တာမို့ တိုင်းရေးပြည်ရာတွေကို စီမံအုပ်သူက ဝန်ကြီးချုပ်ပဲ ဖြစ်ပါ တယ်။

စင်္ကာပူရဲ့ ထိပ်တန်းခေါင်းဆောင် ဝန်ကြီးချုပ်ရာထူးကိုတော့ လီကွမ်ယု  ( ၁၉၅၉-၁၉၉၀ အထိ ရက်ပေါင်း ၁၁၄၉၉)အထိ၊ ဂိုချုပ်ထောင်( ၁၉၉၀- ၂၀၀၄ အထိ ရက်ပေါင်း ၅၆၀၀)၊ လီကွမ်ယု့ရဲ့ သားကြီးဖြစ်တဲ့ လီရှန်လွန်း( ၂၀၀၄ခုနှစ်ကစ ဒီနေ့တိုင် ၆၉၁၈ ရက်) တိုင်အောင် စင်္ကာပူနိုင်ငံကို ဆွေစဉ်မျိုးဆက်  အုပ်ချုပ်လာခဲ့ရာက ဒီနေ့မှာ တော့ လီ မျိုးဆက်အလွန်  အနာ ဂတ် ခေါင်းဆောင်က ဘယ်လိုလူလည်း ၊ ဘယ်လိုမူဝါဒတွေနဲ့ နိုင်ငံကို ဆက်ပြီး ထိန်းကျောင်းသွားမှာလည်း  ဆိုတာ စင်္ကာပူ ပြည်သူတွေက တစ်ခုခု ရေရေရာရာ သိချင်နေကြပြီလို့ ပဲ ဆိုရတော့မှာပါ။

Ref: CNA, Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *