မျောက်ကျောက်ရောဂါ အတွက် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ဖို့ အချိန် သင့်မသင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ အစည်းအဝေးခေါ်

လူ့အရေပြားနမူနာက ရတဲ့ မျောက်ကျောက်ပိုးများပုံ

ဂျနီဗာ၊ ဇူလိုင် ၂၁

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ဝင်တွေထဲကမှ မျောက်ကျောက်ကူးစက်ရောဂါ ကျွမ်းကျင်သူများအစည်း အဝေးကို လာမယ့် ၂၀၂၂ ဇူလိုင် ၂၂ သောကြာနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲ့ဒိအစည်းဝေးမှာ ဆွေးနွေးကြမယ့် အကြောင်းအရာက မျောက်ကျောက်ရောဂါ ကူးစက်မှု လက်ရှိ အခြေ အနေ ဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ် အဖြစ် အမြင့်ဆုံးကြေငြာချက် တစ်ရပ် ထုတ်ပြန်ဖို့ အချိန် သင့် မသင့်ကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ ကူးစက်ခံရမှု အနေအထားက နိုင်ငံပေါင်း ၇၀ မှာ ကူးစက်ခံရသူပေါင်း ၁၄၀၀၀ အထိရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းအဝေးမှာ မျောက်ကျောက်ရောဂါဟာ နိုင်ငံတကာစိုးရိမ်မှုဆိုင်ရာ ပြည်သူကျန်းမာရေး အခြေအနေ ဟုတ်မဟုတ် အရေးပေါ်ကော်မတီကို ခေါ်ပြီးဆွေးနွေးခဲ့ကြပါသေးတယ်။ အဲ့ဒိအစည်းအဝေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ တဲဒရို့စ် အက်ဒါနမ် ဂက်ဘရီယာစီ က အဲဒိအခြေအနေဟာ သတ်မှတ်ချက်နဲ့ မပြည့်မီဘူးလို့ အကြံပေးခဲ့ပါတယ်။

ဒီနေ့အချိန်မှာကတော့ ကူးစက်ခံရတာတွေက ပိုများလာပြီမို့ အ‌ရေးပေါ်အစည်းအဝေးကို အခုလို့ ဒုတိယအကြိမ် ထပ်ခေါ်ရတာလို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရကတော့  လာမယ့်သီတင်းပတ်ထဲ အရောက်မှာတော့ ရောဂါပိုးဟာ နောက်ထပ် ခြောက်နိုင်ငံ ကနေ ၁၀နိုင်ငံ အထိ ထပ်ပြန့် သွားဖို့ ရှိနေတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် စစ်တမ်းတွေ အရ ရောဂါပိုးဟာ မြို့ပြနေသူတွေနဲ့ လူငယ်တွေကို ပိုပြီး ကူးစက်တာ တွေ့ရတယ်လို့လည်း အစီရင်ခံ ဖော်ပြထားတာ တွေ့ရပါတယ်။

Ref: CAN

Photo Credit: AFP/ Cynthia S Goldsmith

Leave a Reply

Your email address will not be published. Required fields are marked *