မျောက်ကျောက်ရောဂါကို ဆေးပညာအမည်မှည့် ခေါ်ဖို့အတွက် အသင့်မဖြစ်သေး ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကဆို

အိန္ဒိယနိုင်ငံ အာမင်ဒါဘက်အရပ်က မျောက်ကျောက်ရောဂါဝေဒနာရှင် တွေအတွက် ဖွင့်လှစ်ထားတဲ့အတွက် အရပ်ဘက်ဆေးရုံတစ်ကို တွေ့ရစဥ် (Photo: AFP/Sam Panthaky)

မဲလ်ဘုန်း၊ ဩဂုတ် ၁၃

နိုင်ငံတကာအလိုက် မျောက်ကျောက်ရောဂါ ကိုကာကွယ်ရေး အစီအစဥ်တွေအပါအဝင် ကာကွယ်ဆေးထိုးနှံတာတွေ လုပ်နေကြပြီ ဖြစ်ပေမယ့် ဒီနေ့ထိ မျောက်ကျောက်ရောဂါကို ဆေးပညာ အမည်မှည့်ခေါ်နိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် တေးဒရို့ အက်ဒါနန် ဂါယရီယာစီကတော့ အေဂျင်စီဟာ မျောက်ကျောက်ဗိုင်းရပ်စ် ရဲ့ နာမည်ကို ပြောင်းလဲပစ်ဖို့  ကမ္ဘာတစ်ဝှမ်းက မိတ်ဖက်တွေနဲ့ ကျွမ်းကျင်သူတွေနဲ့လက်တွဲ လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်း သိပ္ပံပညာရှင် ၂၉ ဦးက ဘက်လိုက်ခွဲခြားတာမျိုးမပါဘဲ၊ ခွဲခြားဆက်ဆံတာမျိုးလည်းမရှိတဲ့ ဆေးပညာ နာမည်တစ်ခုကို ကြိုးစားမည့်ခေါ်ဖို့ ကြိုးစားနေပေမယ့် သီတင်းပတ် ရှစ်ပတ်ကြာလာတဲ့တိုင်အောင် ဘာမှ ထူးမလာဘူးလို့လည်း ဆိုပါတယ်။

၂၀၂၂ မေလလယ်ကနေ  သြဂုတ် ၁၀ ရက်နေ့အထိ နိုင်ငံပေါင်း ၈၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၃၁၄၂၅ ခုရှိခဲ့ပြီး ဖြစ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ရဲ့ အကြောင်းရင်းမြစ်ကို နိုင်ငံအလိုက် စနစ်တကျအစီရင်ခံတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ချွင်းချက်အနေနဲ့ကတော့ မျောက်ကျောက်ရောဂါဖြစ်ပွားခဲ့တဲ့ နိုင်ငံ ခုနစ်နိုင်ငံက ဖြစ်ပွားမှု ၃၇၅ ခုကို အစီရင်ခံခဲတယ်လို့ သိရပါတယ်။

နာမည်ပေးရာမှာလည်း မြို့၊ နိုင်ငံ၊ ဒေသနဲ့ တိုက်ကြီးတွေအပါအဝင် ပထဝီဝင်တည်နေရာတွေကိုလည်း ရှောင်ရှားရမယ့်ကျင့်ဝတ်ရှိနေပါတယ်။ အစောပိုင်း ဥပမာ တွေ အနေနဲ့က မာရီဗယ်လီ ဦးနှောက်ရောင်ရောဂါ နဲ့ စပိန်တုပ်ကွေး စတဲ့နာမည်တွေကို ဆိုလိုတာဖြစ်ပါတယ်။

လူပုဂ္ဂိုလ်နာမည်တွေ (ဥပမာ။ ချားဂတ်စ် ရောဂါ) နဲ့ မျိုးစိတ်နာမည်တွေ (ဥပမာ- ဝက်တုပ်ကွေးနဲ့ ကြက်ငှက်တုပ်ကွေး) တို့လို နာမည်တွေကို ဂရုစိုက် ရှောင်ကြဉ်ရမှာလည်း ဖြစ်ပါတယ်။

SARS-CoV-2၊ COVID-19  စတဲ့ ရောဂါတွေမှာလည်း  ရောဂါပိုးနာမည် မပါဝင်ပါဘူး။ဒါဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ကံကောင်းထောက်မစွာပဲ  ကိုဗစ်-၁၉ ကို  ဝူဟန်ရောဂါ ဒါမှမဟုတ် မဟုတ် တရုတ်ဗိုင်းရပ်စ်လို့ ခေါ်ဆိုတာမျိုး မရှိခဲ့ပါဘူးလို့ သုတေသီတွေက မှတ်ချက်ပြု့ ဖော်ပြထားကြောင်းလည်း သိရပါတယ်။

ရောဂါပိုးရှိနေတဲ့ဆဲလ် (အညိုရောင်) နဲ့ ဓာတ်ခွဲခန်းမှာ မွေးမြူထားတဲ့ မျောက်ကျောက်အမှုန်များ (လိမ္မော်ရောင်) တို့ကို တွေ့ရပုံ(PHOTO: NIAID via AP )

Ref: CNA

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *