မျောက်ကျောက်မျိုးဆက်သစ် ကာကွယ်ဆေး အလျင်မိမိ ထုတ်လုပ်နိုင်ဖို့ ဆေးဝါးထုတ်လုပ်သူတွေအနေနဲ့ အရှိန်မြှင်လုပ်ဆောင်ဖို့ ကမ္ဘာကျန်းမာရေးအဖွဲ့က တိုက်တွန်း

ဂျနီဗာ၊ ဩဂုတ် ၃၀

မျောက်ရောဂါကာကွယ်ဆေးထုတ်လုပ်မယ့် ကုမ္ပဏီတွေအနေနဲ့ ဈေးကွက်ထဲကို အမြန်ဆုံးရောက်အောင် ထုတ်လုပ်နိုင်ဖို့လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေအပါအတင် စမ်းသပ်မှုတွေကို အလျင်အမြန် လုပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲက ဩဂုတ် ၃၀ရက်နေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲက တိုက်တွန်းသလို ဆေးဝါးထုတ်လုပ်သူတွေကလည်း မိမိတို့ ထုတ်ကုန်တွေကို အရေးပေါ်အနေအထားနဲ့ ပြန်သုံးသပ်တာတွေအပါအဝင်  mpox အတွက် ရောဂါရှာဖွေစမ်းသပ်မှုတွေကိုပါ အရှိန်မြှင့်ပြီး ကြိုးစားနေတယ်လို့ သိရပါတယ်။

ရောဂါရှာဖွေရေးဝန်ဆောင်မှုတွေ အမြန်လက်လှမ်းမီဖို့ ကမ္ဘာကျန်းမာရေးအဖွဲ့ ဘက်ကလည်း ထုတ်လုပ် လာမယ့်ကာကွယ်ဆေးတွေ၊ စမ်းသပ်မှုတွေနဲ့ကုသမှုတွနဲ့ ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာထုတ်ကုန်တွေကို  အတည်ပြုခွင့်ပြုမယ့် အရေးပေါ်စာရင်းတွေကိုလည်း ထုတ်လုပ်သူတွေဆီကနေ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အခု လုပ်ငန်းစဉ်ဟာ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့  တခြားလုပ်ဖော်ကိုင်ဖက်တွေဆီကတစ်ဆင့် စမ်းသပ်မှု တွေအပါအဝင်  အရေးတကြီးလိုအပ်နေတဲ့ ထုတ်ကုန်တွေကိုပါ ရယူပြီး နိုင်ငံတွေကိုကူညီပေးဖို့ ရဉ်ရွယ်တာလို့ သိရပါတယ်။

ပုံမှန်အနီးကပ်ထိတွေ့မှုက တစ်ဆင့် လွယ်ကူစွာပျံ့နှံ့သွားပုံရတဲ့  ဗိုင်းရပ်စ်ပုံစံအသစ်ကို ကမ္ဘာလုံးဆိုင်ရာပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် mpox ကို အခုလအစောပိုင်းကတည်းကမ္ဘာကျန်းမာရေးအဖွဲက ကြေငြာခဲ့ပြီးဖြစ်ပါတယ်။

Ref: Reuters

ပုံစာ။ မျောက်ကျောက် ရှိမရှိ စစ်ဆေးတဲ့ Test Kitများ

Feature Image Credit: BBC

Visited 49 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *