မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများ ရွေးချယ် မည့် FIFA-MFF TDS Scouting Tour 2023 ယနေ့စတင်

အရွေးချယ်ခံကြမယ့် မျိုးဆက်သစ်လေးများ
ဓါတ်ပုံ။ MFF

ရန်ကုန်၊ ဧပြီ ၂၀

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေ ရွေးချယ်‌ရေးအစီအစဉ် ကို ယနေ့ ဧပြီလ ၂၀ နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းတွင် စတင်ရွေးချယ်ခဲ့ကြောင်း သိရ သည်။

ကစားသမားရွေးချယ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကစားသမား ၁၄၀ ဦး လာရောက်ရွေးချယ်ခံခဲ့ကြပြီး နိုင်ငံတဝန်း တွင်လည်း သက်ဆိုင်ရာ နေ့များအလိုက် ဆက်လက်ရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ အစီအစဉ်ကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီး ဌာန၊ မြို့နယ် ဘောလုံး အဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အသက်(၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံး နည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ် ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *