မျက်စိနာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံနေရလို့ ပါကစ္စတန်ကကျောင်းပေါင်း ၅၆,၀၀၀ ပိတ်ထားရ

လာဟိုး၊ စက်တင်ဘာ ၂၇

ကူးစက်မြန် မျက်စိနာဗိုင်းရပ်စ်ပိုးကူးစက်နေလို့ ပါကစ္စတန်နိုင်ငံက စာသင်ကျောင်းပေါင်း ၅၆၀၀၀ကျော်ကို အခု သီတင်း ပတ်ကုန်အထိပိတ်ထားလိုက်ပြီလို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၇ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေ ငြာ လိုက်ပါတယ်။

ပါကစ္စတန်ရဲ့ လူဦးရေအများဆုံးပြည်နယ် ပန်ဂျပ်မှာ ၂၀၂၃ နှစ်စကတုန်းကမျက်စိရောင်ရောဂါဖြစ်ပွားမှု ၃သိန်းခွဲကျော် အထိ မြင့်တက်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တာမို့ စက်တင်ဘာ ၂၈ ကနေစပီး သန်းနဲ့ချီတဲ့ ကျောင်းသားတွေဟာ  အိမ်ထဲမှာပဲ နေကြရမှာ ဖြစ်ပါတယ်။

ကူးစက်မြန်တဲ့ အဆိုပါ မျက်စိရောဂါပိုးကူးစက်ခံရသူတွေဟာ  မျက်လုံးနီမြန်းတာ၊ ယားယံတာနဲ့ အရည်ထွက် တာ စတဲဝေဒနာတွေကို ခံစားရပြီး လက်နဲ့ ထိမိတာအပြင် ချောင်းဆိုး နှာချေ တာတွေကပါ ကူးစက်နိုင်တယ်လို့ သိရပါတယ်။

“ကျောင်းသားတွေကို ကူးစက်မှုကနေ အမြင့်ဆုံးကာကွယ်မှုပေးနိုင်တဲ့ အစီအစဥ်တစ်ခုအနေနဲ့ ပိတ်လိုက် တာဖြစ်တယ်”လို့ ပန်ဂျပ်ပညာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဇူဖီကာ အလီက AFP ကို ပြောပါတယ်။

ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းမှာ နေထိုင်သူ ၁၂၇,၀၀၀,၀၀၀ ရှိပြီး ပြည်နယ်ကျောင်းပေါင်းက ၅၆,၀၀၀ ရှိတယ်လို့လည်း သိရပါတယ်။

အခုလိုကွင်းဆက်ဖြတ်တောက်လိုက်တာက”ပြည်နယ်ထဲကူးစက်မှုသံသရာကိုချိုးဖျက်နိုင်မယ်လို့ မျှော်လင့် ပါတယ်” လို့လည်း ဇူဖီကာ အလီက ပြောပါတဘ်။

ပါကစ္စတန်တစ်ဝှမ်းက စာသင်ကျောင်းတွေဟာ အစိုးရဘာသာရေးအားလပ်ရက် အနေနဲ့  သောကြာနေ့တိုင်း ကျောင်းပိတ်လေ့ရှိပေမယ့် အများစုကတော့ အချိန်ပိုအတန်းတွေ ဒါမှမဟုတ် စာမေးပွဲတွေ ဖြေဆိုဖို့ အတွက် တော့  သီတင်းပတ်အထိ ဖွင့်လေ့ရှိတဘ်လို့ သိရပါတယ်။

Ref: AFP/ga

ပုံစာ။ ရောဂါပိုးကူးစက်ခံထားရသူတစ်ယောက်ကို တွေ့ရပုံ

Feature Image Credit: AFP

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *