ထိုင်းနိုင်ငံ မဲဆောက်တွင် ဇွန်လ ၇ ရက် ညပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇ ဦး အဖမ်းခံရကြောင်းသိရသည်။
မဲဆောက်မြို့ခံတစ်ဦးက သတင်းပေးတိုင်ကြားမှုကြောင့် မြန်မာလုပ်သားများနေထိုင်ရာ တန်းလျားကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြကြသည်။
ယခုအခါဖမ်းဆီးခံရသူ မြန်မာလုပ်သား ၇ ဦးကို မဲဆောက်လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန အချုပ်ခန်း၌ထိန်းသိမ်းထားကြောင်း သိရသည်။