မေ(၂၇)၊၂၀၂၄
ရှမ်းပြည်နယ်၊တာချီလိတ်မြို့ကို ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် မေလ၂၅ရက်က မဲခေါင်မြစ် နိုင်ငံဖြတ်ကျော်တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
တရုတ်သံအမတ်ကြီး Mr. Chen Haiဦးဆောင်သောအဖွဲ့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်ထားသည့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရှမ်းပြည် နယ် ရေကြောင်းရဲတပ်ဖွဲ့(ခွဲ) ဝမ်ပုံစခန်း အဆောက် အအုံအား သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံမှလှူဒါန်းထားသည့် ရေပေါ်ကင်းလှည့်ရေယာဉ်ဖြင့် ထိုင်း-မြန်မာ-လာအို နယ်စပ်ထိစပ်ရာဒေသ ရွှေတြိဂံရေပြင်သို့ သွားရောက်ကာ လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုအခြေအနေကို ကွင်းဆင်းလေ့ လာခဲ့ကြခဲ့သည့်အပြင် တရုတ်နိုင်ငံဘက်မှ အခြေ စိုက်သော ရဲတပ်ဖွဲ့ဝင်များကိုလည်း တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာဘက်တို့က ကင်းလှည့်ရေးယန္တရားကို ကောင်းမွန်စွာ အသုံး ပြု၍ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများတိုက်ဖျက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာအ မြင်ချင်းဖလှယ်ခဲ့ပြီး အွန်လိုင်းဆက်သွယ်ရေးလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများ ပူးတွဲတိုက်ဖျက်မှု စဉ်ဆက်မပြတ်နက်ရှိုင်းစေရေးနှင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရပ်တည်ချက်နှင့် လှုပ်ရှားမှုများကို ဆွေး နွေးညှိနှိုင်းခဲ့ကြောင်းပေး သိရသည်။



