မော်လူစျေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးတစ်စျေးလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးမြို့၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်က မော်လူးစျေးမှာ ဇန်နဝါရီလ၂၃ရက် ညနေ၅နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးတစ်စျေးလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးလောင်ခဲ့တဲ့မော်လူးစျေးမှာ စျေးဆိုင်ခန်းပေါင်း (၃၀၀)ကျော်ရှိပြီး မီးလောင်တဲ့အချိန်က စျေးသိမ်းပြီးချိန်ဖြစ်တာကြောင့် စျေးဆိုင်ခန်းအားလုံးနီးပါး မီး လောင်ပြီး ပျက်စီးဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စျေးမီးလောင်မှုဖြစ်ပွားခဲ့တဲ့ မော်လူးမြို့ဟာ မြို့နယ်ခွဲအဆင့် မြို့တစ်မြို့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာ၁၃ရက်က စတင်ပြီး ဒေသခံလက်နက် ကိုင်အဖွဲ့များထိန်းချုပ်စိုးမိုးနေတဲ့ မြို့လည်း ဖြစ်ပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *