မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၍ တစ်ဦး သေ ၊ သုံးဦး ဒဏ်ရရ

မွန်ပြည်နယ် ၊ မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ဖယ်ခိုကျေးရွာလမ်းဝအနီး မိုင်တိုင်(၂၉)တွင် ယာဉ်တိုက်မှုဖြစ်၍ တစ်ဦး သေ ၍ သုံးဦး ဒဏ်ရရခဲ့ကြောင်း ဒေသခံ ပရဟိတ အဖွဲ့များထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်အချိန်က ပရိုဘောက်နှစ်စီးသည် မျက်နှာချင်းဆိုင် တိုက်မိခဲ့သောကြောင့် ယာဉ်ပေါ်ပါလာ အသက်(၅၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား သုံးဦးမှာ အရိုးကျိုးဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသော အမျိုးသမီးမှာ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နေသူဖြစ်ကြောင်း၊အဆိုပါ ဖြစ်စဉ်တွင် ကလော့သော့လူငယ် လူမှုကယ်ဆယ်ရေးအဖွဲ့က လိုက်ပါကူညီခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းအဖွဲ့ကသေဆုံးသူ၏ ရုပ်အလောင်းနှင့် လူနာများအား လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *