မွန်ပြည်နယ်၊မော်လမြိုင်မြို့၊တောင်ဝိုင်းဓာတ်အားခွဲရုံအနီး က TTCကျောင်းလမ်းမှာ ဇန်နဝါရီလ၂၁ရက်မနက်၁၀နာရီ ကျော်က Hijetကားတစ်စီးက လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကားပေါ်မှာလိုက်ပါလာတဲ့ ကလေး (၆)ယောက်နဲ့အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


Hijetကားက လမ်းဘေးသစ်ပင်ကို ဘာကြောင့် တိုက်မိခဲ့တာလဲဆိုတာကိုတော့မသိရသေးဘဲ ယာဥ်တိုက်မှုဖြစ်ပွားရာကို ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နဲ့မော်လမြိုင်Rescueလူမူကယ်ဆယ်ရေးအဖွဲ့တို့က သွား ရောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို လို အပ်တာများ ပြုစုကုသပေးပြီး လူနာတင်ယာဉ်(၂)စီးနဲ့ မော်လမြိုင်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 21 times, 1 visit(s) today



