မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်၊ အောင်မင်္ဂလာလမ်းနဲ့ရတနာပုံလမ်းထောင့်မှာ ဇန်နဝါ ရီလ၁၇ရက် နေ့လယ်၁၂နာရီခန့်က အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ဓါးနဲ့ ထိုးသတ်မှုတစ်ခုဖြစ်ပွား ခဲ့တယ်လို့ ဒေသခံသတင်းရင်းတွေဆီက သိရပါတယ်။

“သေသွားတဲ့သူက ဓါးနဲ့ထိုးခဲ့တဲ့သူရဲ့ ယောင်္ကျားဟောင်းပါ။ဘာကြောင့်အခုလို လုပ်ခဲ့တာလည်း ဆိုတာတော့ သေချာမသိပါဘူး။လင်မယားတွေ ဖြစ်ခဲ့ဖူးတာဆိုတော့ အိမ်ထောင် ရေး အဆင်မပြေလို့ပဲ နေမှာပါ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဓါးထိုးမှုဖြစ်ပွားရာကို ရာမညအရေးပေါ် လူမှုကယ် ဆယ်ရေးအသင်းက လူမှုကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဘယ်ဘက်ဆီးခုံထိ၊ဘယ်ဘက်လက်မောင်း၊ဘယ်ဘက်လက်များရရှိခဲ့သူ အမျိုးသားကို မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 38 times, 1 visit(s) today



