မော်လမြိုင်မှာ ရထားလာချိန် ရထားသံလမ်းကူးသူ အ မျိုးသားတစ်ဦး ဆိုင်ကယ်မှောက်ပြီး ထိခိုက်ဒဏ်ရာရ

■ရှောင်တာမြန်လို့ ရထားနဲ့မတိုက်မိခဲ့တာဖြစ်

Photo – ဘိုဘိုဝင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊သရက်ကုန်းရပ်က ရထားသံ လမ်းမှာ မတ်လ၂ရက်ညနေ၄နာရီခန့်က ရထားလာချိန် ရ ထားသံလမ်းကူးသူ အမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူပြောပုံအရကတော့ ရထားလမ်းကိုဖြတ်တဲ့အချိန်မှာ ရထားလာတာတွေ့လို့ ရှောင်ရှား ဆိုင်ကယ်မှောက်သွားတာတဲ့။ရှောင်တာလွတ်လို့ပေါ့ မလွတ်ရင်တော့ သေရင်သေ မသေရင် ခြေအိတ် လက်ပြတ်ဖြစ်မှာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သးအမျိုးသားကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ က လိုအပ်တာပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *