မော်လမြိုင်မှာ စျေးတွန်းလှည်းတွန်းလာတဲ့လင်မယားနှစ်ယောက်ကားတိုက်ခံရ

■ကားနဲ့တိုက်ခံရတာကြောင့် အမျိုးသားဖြစ်သူသေဆုံးခဲ့ပြီးအမျိုးသမီးဖြစ်သူ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မောင်ငံရပ်ကွက်၊ ကွင်းရပ်ထိပ်နားမှာ မတ်လ၄ရက်မနက်၄နာရီ၅၀မိနစ်က မနက်ခင်းဈေး ရောင်းထွက်ဖို့ စျေးတွန်းလှည်းတွန်းလာသူ လင်မယားနှစ်ယောက် ကားတိုက်ခံရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

စျေးတွန်းလှည်းကို ကားနဲ့တိုက်ခံရတာကြောင့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဟာ အခင်းဖြစ်နေရာမှာပွဲချင်းပြီးသေဆုံးခဲ့ရပြီး လူလတ်ပိုင်းအရွယ် အမျိုး သမီးတစ်ဦးဟာ နဖူးပေါက်ပြဲ၊ လက်ပွန်းပဲ့၊ ညာခြေ ထောက်ပေါက်ပြဲနဲ့ ဘယ်ခြေထောက်ကျိုးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကားနဲ့မှုဖြစ်ပွားရာကို အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအသင်းက အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သေ ဆုံးသူအမျိုး သားရဲ့ရုပ်အလောင်းနဲ့ဒဏ်ရာရရှိသူအ မျိုးသမီးတို့ကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Visited 69 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *