မော်လမြိုင်မှာ ကား၊သုံးဘီးဆိုင်ကယ်နဲ့ဆိုင်ကယ် ယာဥ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဂွေးကုန်းရပ်ကွက်၊မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးမှာ ဇန်နဝါရီလ၂၁ရက်ည ၉နာရီခန့်က ကား၊သုံးဘီးဆိုင်ကယ်နဲဆိုင်ကယ် ယာဥ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်များအပါအဝင် ၁၁ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသ မီး၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၂၁ရက်ည၉နာရီခန်က မွန်ပြည် နယ်၊မော်လမြိုင်မြို့၊ဂွေးကုန်းရပ်ကွက်၊မော်လမြိုင်- ကျိုက်က္ခမီလမ်းမကြီးမှာ မော်လမြိုင်ဘက်ကိုမောင်းနှင်လာတဲ့ Proboxယာဉ်က လားရာတူမောင်းနှင်လာတဲ့ ဘုရားပွဲသွားမယ် သုံးဘီးဆိုင်ကယ်နဲ့ဆိုင်ကယ်တို့ကို တိုက်မိခဲ့တာကြောင့် ကလေး၆ဦးနဲ့လူကြီး၆ဦးတို့ ထိ ခိုက်ဒဏ်ရာရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဘိုဘိုဝင်း Rescueအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့ ၊မော်လမြိုင် Rescueလူမူကယ်ဆယ်ရေးအဖွဲ့၊ရွှေနတ်တောင် လူမူကယ်ဆယ်ရေးအဖွဲ့ ၊မုဒုံကန်ကြီးလူငယ်လူမူကယ်ဆယ်ရေးအဖွဲ့နဲ့မိုးစေတနာလူမူကယ်ဆယ်ရေးအဖွဲ့တို့က အ ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကာ လူနာတင်ယာဥ်များနဲ့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်​ပေးခဲ့ရာ ဆေးရုံအရောက်မှာ ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *