မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှာ မီးလောင်မှု ဖြစ်ပွား

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းဘဲတန်းရပ်ကွက်ကအမှတ်(၉)အခြေခံပညာအ ထက် တန်းကျောင်းမှာ သြဂုတ်လ၃ရက် ည၁၁နာရီ၄၀မိနစ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအ ရင်းကိုမသိရသေးဘဲ မီးလောင်မှုအား Lv4အဆင့်သတ်မှတ်ပြီး မီးငြှိမ်းသတ် ပေးခဲ့ရတယ်လို့သိရပါတယ်။

“သမိုင်းဝင် အမျိုးသားကျောင်းကြီး နှ မြောလိုက်တာ။အခု နောက်ဆုံးရ သတင်း ကတော့မီးအရှိန်တအားပြင်းနေတယ်တဲ့။ သိပ္ပံမောင်ဝ တက်ခဲ့တဲ့ တို့ကျောင်းကြီး အပျက်အဆီး နည်းပါစေ´´လို့ အထက၉ မော်လမြိုင်ကျောင်းသူတစ်ဦးက ပြောပါ တယ်။

မီးလောင်မှုဖြစ်ပွားရာကို မွန်ပြည်နယ် နယ်မီးသတ်တပ်ဖွဲ့၊မော်လမြိုင်ခရိုင်မီး သတ်တပ်ဖွဲ့၊မော်လမြိုင်မြို့နယ်မီးသတ် တပ်ဖွဲ့၊နီးစပ်ရာမီးသတ်တပ်ဖွဲ့များ၊နယ် မြေခံမီးသတ်တပ်ဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး၂နာရီကျော်ကြာ မီး ငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *