မော်လမြိုင်မြို့မှာ ဦးခေါင်းပေါက်ပြဲ ဒဏ် ရာ များနဲ့ သေဆုံးနေတဲ့ အမျိုးသား တစ် ယောက် ရုပ်အလောင်းတွေ့ရှိ

သေဆုံးနေသူမှာ မော်လမြိုင်မြို့၊ မြိုင်သာ ယာရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ကိုဆန်းမျိုးဦးဆိုသူဖြစ်ပြီး သူ့ရဲ့ဆိုင်ကယ် နဲ့ဖုန်းကိုလုယူပြီး အသတ်ခံခဲ့ရတာဖြစ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊မောင်ငံရပ် ကွက်၊ ကန်သုံးကန်ရပ်၊ တောင်ရိုးတန်း လမ်းမှာ ဇူလိုင်လ၈ရက်နေ့ညနေပိုင်းက ဦးခေါင်းပေါက်ပြဲဒဏ်ရာများနဲ့ သေဆုံး နေတဲ့ အမျိုးသားတစ်ယောက်ရုပ် အ လောင်းတွေ့ရှိခဲ့ရတယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီကသိရပါတယ်။

“ကျွန်တော်တို့ သိရသလောက်ကတော့ ကိုဆန်းမျိုးဦးက သူသတ်ခံရပြီးတဲ့နောက် ပိုင်း မိသားစုဝင်တွေကို အိပ်မက် လာ ပေးခဲ့တာကြောင့် အလောင်းကို တွေ့ရှိခဲ့ တာတဲ့ သူ့ရဲဆိုင်ကယ်နဲ့ဖုန်းကိုလည်း သတ်သွားတဲ့သူတွေက ယူသွားကြတာ တဲ့´´လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

သေဆုံးနေသူအမျိုးသားရဲ့ရုပ်အလောင်းကို ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မော်တော်ယာဉ်နဲ့ မော်လမြိုင်ပြည်သူ့ဆေး ရုံကြီးကို ပို့ဆာင်ပေးခဲ့တယ်လို့ သိရပါ တယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *