မွန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့မှာ ဇူလိုင်လ၁၈ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အနိမ့်ပိုင်းကျတဲ့ ရပ်ကွက်တွေမှာ ရေကြီးနစ်မြှုပ်မှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ ဒေသခံလူမှုရေးဆောင် ရွက်ခဲ့သူတွေဆီက သိရပါတယ်။
“မိုးကတအားရွာတော့ မော်လမြိုင်မှာ သီရိမင်္ဂလာ၈လမ်းကနေလမ်း၂၀အထိ၊ဖက်ခင်းလမ်းမကြီး၊ဇေယျာမြိုင်၊သီရိမြိုင်၊စာရင်းကြီးကုန်း၊ရွှေပြည်စိုး၊သုခဝတီ၊ကရင်ကျောင်း၊ပဲခူးချောင်၊၊အောင်ဇမ္ဗူလမ်းကြောတလျှောက်၊ဥယျာဉ်လမ်း၊မြိုင်သာ ယာ၅လမ်းမှ ၁၇ လမ်းအထိ၊ဒိုင်းဝန်ကွင်း၊ဇေယျာ(၁)(၂)(၃)၊၂၁ လမ်း၊၂၂လမ်းကုလားဈေး၊ဈေးကြိုရပ်ကွက်၊တောင်ဝိုင်းအင်းယားလမ်း၊ မြိုင်သာ ရပ်ကွက်(၅)လမ်း(၆)လမ်း၊၊ရွှေပြည်အေးလမ်း မကြီးစတဲ့နေရာတွေက နေအိမ်တွေ ရေ ကြီးနစ်မြှုပ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အခြေ အနေအဆိုးဆုံးက ဖက်ခင်းလမ်းမှာဖြစ်ပါ တယ်´´လို့ လူမှုကူညီရေးဆောင်ရွက်ခဲ့ သူ တစ်ယောက်ကပြောပါတယ်။
မော်လမြိုင်မြို့တွင်း ရေကြီးနစ်မြှုပ်မှုဖြစ်ပွားရာနေရာများကို နယ်မြေခံမီးသတ်တပ်ဖွဲ့များနဲ့ဒေသခံလူမှုရေးအသင်းအဖွဲ့များက အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေး လုပ် ငန်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ မော်လမြိုင်မှာရွာသွန်းခဲ့တဲ့မိုးရေချိန်ဟာ ၅.၄၀လက်မ ဖြစ် တယ်လို့ သိရပါတယ်။











