မော်လမြိုင်မြို့နယ်မှာ အုတ်တံတိုင်းပြိုကျ မှုဖြစ်ပွားခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လ မြိုင်-ဘားအံကားလမ်းဘေး ညောင်ပင် ဆိပ်ရပ်ကွက်၊ အတ္ထရံတံတားထိပ်က အဆောက်အဦအုတ်တံတိုင်းပြိုကျမှုတစ်ခု ဇူလိုင်၁၉ရက်နေ့မနက်၇နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် တွေဆီက သိရပါတယ်။

အုတ်တံတိုင်းပြိုကျမှုဖြစ်စဉ်မှာ လူ၂ဦး ပိမိခဲ့တာကြောင့် မော်လမြိုင်ခရိုင်မီးသတ် စခန်းနဲ့ညောင်ပင်ဆိပ်နယ်မြေမီးသတ်စ ခန်းများကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင် များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပိမိနေတဲ့လူနာ(၂)ဦး (မစိုးရိမ်ရ)ကို ကယ်ထုတ်နိုင်ခဲ့ပြီး မွန် မြတ်သောနှလုံးသားပိုင်ရှင်လူမှုကယ်

ဆယ်ရေးအသင်းက လူနာတင်ယာဉ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊မော်လမြိုင်မှာ ဇူလိုင်လ ၁၈ရက်နေ့က မိုးရေချိန်(၅.၄၀)လက်မ အ ထိ မိုးရွာသွန်းခဲ့တာကြောင့် အနိမ့်ပိုင်းကျ တဲ့ ရပ်ကွက်တွေနဲ့လမ်းတွေ ရေကြီးနစ် မြှုပ်တွေ ဖြစ်ပွားခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo– MFSD

Leave a Reply

Your email address will not be published. Required fields are marked *