မော်လမြိုင်တွင် တစ်ဦးတည်းနေထိုင်သည့် အသက်(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တစ်ဦးတည်းနေထိုင်သည့် အသက်(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခု ဖြစ်ပွားသည်ကို ယနေ့ ဇွန်လ ၁၂ ရက် နံနက်ပိုင်းက သိရှိခဲ့ရကြောင်း ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးသည် သူနေထိုင်ရာ မဟာမြိုင်ရပ်ကွက်၊ မဟာမြိုင်(၆)လမ်း နေအိမ်ရှိ ဝရန်တာ၌ ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်ကြောင်း၊ယင်း ဖြစ်စဉ်ကို သတင်းရရှိသောကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်၍ သေမှုသေခင်း ဖွင့်ထား၍ လုပ်ဆောင်နေကြကြောင်း သိရသည်။

ယခုအခါ သေဆုံးသူ၏ ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကြီးရှိ အအေးတိုက်မှ ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *