မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းပဲတန်းရပ်ကွက်မှာရှိတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းမှာ အောက်တိုဘာလ၂၅ရက်မနက် ၃နာရီ၁၀မိနစ်ကနေ ၄နာရီ၅၅မိနစ်အထိ ဒုတိယအကြိမ်မြောက် မီးလောင်မှုဟာ ရှို့မီးလို့ ယူဆရတယ်လို့ ဒေသခံများဆီက သိရပါတယ်။
မီးသတ်ဦးစီးဌာနအနေနဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ပြီး ကွန်ပြူတာခန်း ထားရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရတာလို့ သိရပါတယ်။
မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းက အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ နှစ်ထပ် အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း/ပျဉ်ကာ၊ နှစ်ထပ်ဆောင်တစ်ဆောင်၊အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ ဦးသာညှင်းဓမ္မာရုံ နှစ်ထပ် အုတ်ညှပ်၊သွပ်မိုး၊ပျဉ် ခင်း /ပျဉ်ကာ၊ နှစ်ထပ်ဆောင် တစ်ဆောင်တို့ မီးလောင်ပျက်စီးဆုံးခဲ့ရကာ လူနှင့် တိရိစ္ဆာန် ထိ ခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ၃ရက်ကဖြစ်ပွားခဲ့တဲ့ အမှတ်(၉) အခြေ ခံပညာအထက်တန်းကျောင်း ပထမအကြိမ်မီးလောင်မှုမှာလည်း ကျောင်းဆောင်နှစ်ဆောင် မီး လောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။