မော်လမြိုင်က အထက(၉)ကျောင်းမှာ ဒုတိယအကြိမ် မီး လောင်မှုဖြစ်ပွားခဲ့

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းဘဲတန်းရပ်ကွက်ကအမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းမှာ အောက်တိုဘာ လ၂၅ရက်မနက်၃နာရီ၁၀မိနစ်က ဒုတိယအကြိမ်မြောက် မီး လောင်မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မော်လမြိုင်မြို့အမှတ် (၉)အ ခြေခံပညာအထက်တန်းကျောင်းဟာ နှစ်ပေါင်း၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းတစ်ကျောင်းဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ၃ရက် ည၁၁နာရီ၄၀မိနစ်ကလည်း မီး လောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်ဦးစီးဌာန lv4အဆင့်သတ်မှတ်ပြီး မီးငြှိမ်းသတ်ပေးခဲ့ရဘူးတယ်လို့ သိရပါတယ်။

အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း မီး လောင်မှုဖြစ်ပွားရာကို မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့၊မော်လမြိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊နီးစပ်ရာမီးသတ်တပ်ဖွဲ့များ၊နယ်မြေခံမီးသတ်တပ်ဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး၂နာရီနီးပါးကြာအောင် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *