မော်တော်ယာဉ်တစ်စီး ကျိုက်ထိုမြို့ရှောင်လမ်းပေါ် အရှိန်လွန်တိမ်းမှောက်

မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မြို့ရှောင်လမ်းပေါ်တွင် ယနေ့ မေလ ၁၆ ရက် မွန်းလွဲ တစ်နာရီကျော်အချိန်ခန့်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သောကြောင့် ယာဉ်ပေါ်ပါ ဆရာတော်တစ်ပါး စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း မော်တော်ယာဉ်မှာ သာသနာရေးအမှတ်တံဆိပ်ပါ CRV အမည်းရောင် အမျိုးအစားဖြစ်ပြီး လမ်းဘေးတိုင်များကို ဝင်တိုက်ကာ အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆရာတော်တစ်ပါးကတော့ စိုးရိမ်ရတယ်လို့ သိရတယ်။ဦးခေါင်းရဲ့ နောက်စေ့ဖက်မှာ ဒဏ်ရာ ပြင်းပါတယ်။ကားဆရာကတော့ ပွန်းပဲ့ရုံ ဒဏ်ရာ ရတယ် လို့ သိရတယ်။အခု ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ထားပြီ”ဟု ကျိုက်ထိုလူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောသည်။

ဦးခေါင်းတွင် နောက်စေ့ပေါက်ပြဲဒဏ်ရာ ၊ နားသွေးထွက်ဒဏ်ရာများရရှိခဲ့သော ဆရာတော်မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေးမဟာစည်သာသနာ့ရိပ်သာ၌ သီတင်သုံးနေထိုင်သည့် ဘဒ္ဒန္တသာသန ဖြစ်ကြောင်း၊လက်ရှိတွင် သတိလစ်မေ့မြောနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *