မွန်ပြည်နယ်၊မုဒုံမြို့ မြို့အဝင်စိုက်ပျိုးရေးခြံရှေ့၌ ယနေ့ မေလ၂၅ရက်(ယနေ့) နေ့လယ်ကကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် မိ၍ ဆိုင်ကယ်မောင်းသူအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်


ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားတွင် နဖူးကွဲဲ၊ နှာခေါင်းသွေး ထွက်၊ မေးစေးကွဲ၊ ဘယ်ခြေကျိုး၊ ညာခြေအဆစ်လွဲသွားကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကသိရသည်။


ယင်းအပြင်ကားပေါ်တွင်ပါလာသူအသက် ၆၅နှစ်အရွယ် အမျိုးသမီးတွင်လည်း မှန်ကွဲစထိမှန်ဒဏ်ရာနှင့် ညာလက်ဖမိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းနှင့် ပြင်းထန်ဒဏ်ရာ ရသူ ဆိုင်ကယ်သမားအားမော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ကားပေါ်မှဒဏ်ရာရသူ အမျိုးသမီးအား မုဒုံဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
