မော်စကိုမြို့ တိုက်ခိုက်မှု သံသယရှိသူလေ:ယောက်ကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်

မော်စကို၊ မတ် ၂၅

လူပေါင်း ၁၃၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ မော်စကိုကပွဲရုံ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားလေးယောက်ကို အကြမ်းဖက်ဝါဒနဲ့ စွဲချက်တင်ပြီး  ရုံးချိန်းမတိုင်မီ ထိန်းသိမ်းထားဖို့ မော်စကို တရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။

လေးယောက်စလုံးဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်တယ်လို့ မော်စကိုမြို့ ဘာမန်နီခရိုင်တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

သံသယတရားခံတွေအားလုံးကို  မေလ ၂၂ ရက်အထိ ထိန်းသိမ်းထားဖို့  အမိန့်ထုတ်ခဲ့ပေမယ့်လည်း အခြေနေအရပ်ရပ်ဟာ ရုံးတင်စစ်ဆေးမည့်ရက် သတ်မှတ်တဲ့ အပေါ်မူတည်ပြီး ချုပ်ရက်ကို သက်တမ်းတိုးမှာ ဖြစ်တယ်လို့လည်း တရားရုံးက ထုတ်ပြန်ထားပါတယ်။

တရားခံနှစ်ယောက်ကတော့  အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး တာဂျစ်ကစ္စတန်ကတစ်ယောက်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ပြောဆိုတယ်လို့  သိရပါတယ်။

သေနတ်သမားအားလုံးဟာ  နိုင်ငံခြားသားတွေ ဖြစ်တယ်လို့  တာဝန်ရှိသူတွေက ပြောဆိုထားပြီး ဖြစ်ပေမယ့် နိုင်ငံကို တိတိကျကျ ထုတ်ပြောတာမျိုးတော့ မရှိသေးပါဘူး။

သံသယရှိသူ သုံးယောက် ကို ရဲအရာရှိတွေက လက်ထိပ်ခတ်ပြီး ခါးကွေးညွှတ်စေကာ တရားခွင်ကို ခေါ်သွားတဲ့ ဗီဒီယိုဖိုင်ကို တရားရုံးကထုတ်လွှင့်ခဲ့ပါတယ်။ တရားခံတွေ ကိုတော့ သီးသန့်လုပ်ထားတဲ့မှန်ခန်းထဲမှာ  ဆက်ပြီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ  ၂၀၀၀ ခုနှစ်တွေ နောက်ပိုင်း  ရုရှားမှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: AFP

ပုံစာ။ တရားခံတစ်ယောက်ကို ရုံးထုတ်လာစဉ်

Feature Image Credit: AFP

ဖမ်းဆီးထားတဲ့ တရားခံတွေကို တွေ့ရပုံ(AFP & Reuters)

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *