မော်စကိုတိုက်ခိုက်မှုဟာ ယူကရိန်း နဲ့ မပတ်သက်ဘူးလို့  အိမ်ဖြူတော် အတိအလင်းပြောဆို

ဝါရှင်တန်၊ မတ် ၂၅

လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့  မော်စကို ကပွဲခန်းမ လူသတ်ပွဲမှာ  ယူကရိန်းက  ဘယ်လိုမျိုးမှ ပါဝင်ပတ်သက်တာ မရှိဘူးလို့   အိမ်ဖြူတော်က မတ် ၂၃ ရက် တနင်္ဂနွေနေ့မှာ အတိအလင်း ထုတ်ပြန်လိုက်ပါတယ်။

“ဒီတိုက်ခိုက်မှုအတွက် ISIS  တစ်ဖွဲတည်းကပဲ တာဝန်ရှိပါတယ်။ ယူကရိန်း ပါဝင်ပတ်သက်မှုတော့ မရှိပါဘူး” လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အန်ဒရီရန်နီ ဝတ်ဆန်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဒုသမ္မတ ကန်မလာ ဟဲရစ်ကလည်း ယူကရိန်းက ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ ABC News ရဲ့ “This Week” နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“တကယ်တော့ ISIS-K ဟာ ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ရှိပါတယ်” လို့လည်း ကန်မလာက ပြောပါတယ်။

“K”  ဆိုတာက အာဖဂန်နစ္စတန်က ISIS တို့ရဲ့ အခြေစိုက်ရာ Khorasan   ဒေသကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်က အာဖဂန်အခြေစိုက်အဖွဲက လုပ်တာလို့ ပြောတာပါ။

 ISIS ( အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့) က စနေနေ့က Telegram ကနေ အခု တိုက်ခိုက်မှုဟာ “အစ္စလာမ်ဘာသာကို တိုက်ခိုက်နေတဲ့ နိုင်ငံတွေနဲ့ တိုက်တဲ့ ပြင်းထန်သောစစ်ပွဲ” ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မိမိတို့က စက်သေနတ်၊ ပစ္စတို၊ ဓားနဲ့ မီးလောင်ဗုံးတွေ သုံးပြီး  IS တိုက်ခိုက်ရေးသမားလေးယောက်က တိုက်ခိုက်ခဲ့တာလိုဆိုပါတယ်။

ဒါ့အပြင် တစ်မိနစ်ခွဲလောက်ကြာတဲ့  ဗီဒီယိုကို IS အဖွဲ့ပုံမှန် အသုံးပြုတဲ့ လူမှုမီဒီယာအကောင့်တွေမှာလည်း လွှင့်တင်ခဲ့တဲ့အကြောင်း အကြမ်ဖက်မှု တိုက်ဖျက်ဖော်ထုတ်ရေး ထောက်လှမ်းရေးအဖွဲ့ (SITE)  က‌ဖော် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ ပစ်ခတ်မှု ဖြစ်အပြီး မီးလောင်နေတဲ့ ကပွဲခန်းမ

Feature Image Credit: REUTERS

Visited 53 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *