
Photo Credit: CEPROPIE/AP
မက္ကစီကိုစီးတီး၊ စက်တင်ဘာ ၁၇
မက္ကဆီကိုမူးယစ်ဆေးဘုရင် ဟိုအာကင် အယ် ချာပို ဂူစမန်ရဲ့ သားဖြစ်သူ အိုဗီဒီအို ဂူစမန် လိုပက်စ် ကို မက္ကဆီကို နိုင်ငံ ဘက်က အမေရိကန်လက်ကိုစက်တင်ဘာ ၁၅ရက်နေ့က လွှဲပေးလိုက်ပြီလို့ တရားရေးဌာနက စက်တင်ဘာ သတင်းထုတ် ပြန်ပါတယ်။
တရားခံလွှဲပြောင်းမှုဟာ “အမေရိကန်နဲ့ မက္ကဆီကို ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်တယ်” လို့ ရှေ့နေချုပ် မဲရစ်ခ် ဘီ ဂါလန် ကစက်တင်ဘာ ၁၅ရက် သောကြာနေ့က ပြောဆိုပါတယ်။
“ဒီလုပ်ရပ်ဟာမူးယစ် ဂိုဏ်းတိုင်းရဲ့ လုပ်ဆောင်ချက်တိုင်းကို တိုက်ခိုက်ဖို့ တရားရေးဌာနရဲ့ လတ်တလော ခြေလှမ်းတစ်ခု ပါပဲ” လို့ ဂါလန် က ပြောပါတယ်။
ကနဦးရုံးချိန်းကို မသတ်မှတ်ရသေးပေမယ့်လည်း စက်တင်ဘာ ၁၈ရက် တနင်္လာနေ့မှာ ဖြစ်ဖို့ အမေရိကန်ရှေ့နေချုပ်ရုံးက မျှော်လင့်ထာတယ်လို့လည်း သိရပါတယ်။
ဂူစမန်ကို မြောက်ပိုင်း စီနာလိုအာ ပြည်နယ်မှာ ၂၀၂၃ ဇန်နဝါရီမှာ လုပ်ခဲ့တဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးတစ်ခုမှာ မက္ကဆီကို အာဏာပိုင်တွေက လက်ရ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒိစစ်ဆင်ရေးမှာ ၂၉ယောက်အထိ အသေအပျောက်ရှိခဲ့တယ်လို့ လည်း ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ဂိုဏ်းဝင် ၁၉ ယောက်နဲ့ အစိုးရစစ်ဘက်က ၁၀ယောက်ထက်မနည်း ပါတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဂူစမန်ကို ဖမ်းဆီးရခဲ့ပေမယ့်လည်း သွေးထွက်သံယိုမှုတွေကို ရှောင်ရှားဖို့ ဆိုတဲ့ သမ္မတ အန်းဒရေ့စ် မာနူအယ် လိုပက်စ် အိုဘရာဒေါ အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ ဘူးတယ်လို့ လည်း သိရပါတယ်။
REF: CNN
ပုံစာအညွှန်း။ စစ်ဆင်ရေးတစ်ခု့တွေ့ရပုံ
Feature Image Credit: New York Times