မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားတက်သူ ကျောင်းသား‌ကျောင်းသူများ မူးမေ့သတိလစ်မှု တောင်ကြီးတွင်ဖြစ်ပွား

မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားတက်သူ ကျောင်းသား‌ကျောင်းသူများမူးမေ့သတိလစ်မှုရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုအဖွဲ့၏ ပြောပြချက်အရဇွန်လ ၂၆ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် မူးယစ်ဆေးဝါးများကိုမီးရှို့ဖျက်ဆီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သတိလစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသတိလစ်သူ ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာကြက်ခြေနီအဖွဲ့ဝင်များ စေတနာ့လုပ်အားရှင်များက ရှေးဦးပြုစုပေးခြင်းပြုလုပ်ကာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *