မူး(မုန်း)မြို့က စစ်တပ် တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ KNLAက ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊မူး(မုန်း)မြို့က စစ်တပ် တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

KNLAအနေနဲ့ မူး(မုန်း)မြို့က စစ်တပ် တပ်စခန်းတွေကို ဒီဇင်ဘာလ (၂) ရက်နေ့ ည (၁၁း၄၀) အချိန်က စတင်တိုက် ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၅း၃၀) မိနစ်အချိန်မှာ စခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီးနောက်တပ်ဖွဲ့ဝင်အင်အား (၁၅၀၀)ခန့်နဲ့ နယ်မြေ ရှင်း လင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်တပ် တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်တပ်မှ တပ်ရင်း မှူး အ ဆင့်အပါအဝင် အများအပြား လက်နက်ချ အ ညံ့ခံခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

နစကအနေနဲ့ကတော့ မူး(မုန်း)မြို့က စစ်တပ် တပ်စခန်းတွေKNLAက သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *