ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့က မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များကနေ တ ရားဝင်ဗီဇာ(Business Visa)နဲ့ သွားလာခွင့်ပြုခဲ့ရာ အောက်တိုဘာ ၁ ရက်ကစပြီး မူဆယ် – ရွှေလီ နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်တဲ့ နန်းတော်ဂိတ်မှာ စတင် ဝင်ထွက်သွားလာနိုင်ပြီဖြစ်တယ် ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နန်းတော်ဂိတ်မှာ Foreigner Departure နှင့် Foreigner Arrival တို့အပြင် ဧည့်သည်နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာပါက စစ် ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
မူဆယ်မြို့က နယ်စပ်လူဝင်/ထွက်ဂိတ်များနှင့် ကူး သန်း ရောင်းဝယ်ရေး နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်- ၁၉ ရောဂါပြန့်ပွားမှုကြောင့် ၂၀၂၁ခုနှစ်၊မတ် လကုန်ပိုင်းမှ စပြီး နှစ်နိုင်ငံလူဝင်/ထွက်နှင့်ကူသန်းရောင်းဝယ်မှုတို့ကို ခေတ္တယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ စ၍ ကူးသန်းရောင်းဝယ် ခြင်း နှင့် လူဝင်/ထွက်ဂိတ်များကို နှစ် နိုင်ငံဝင်/ထွက်စာအုပ် (BP) စာအုပ်များ အား စတင်ပြု လုပ်ပေးခဲ့ကာ ဝင်/ထွက် သွားလာနိုင်ခဲ့သည်ဖြစ်ရာ စက်တင် ဘာလ၄ရက်နေ့က စပြီး မြန်မာနိုင်ငံ မည့်သည့်ဒေသမှ ပြည်သူကိုမဆို ဝင်/ထွက်သွားလာနိုင်တဲ့ တရားဝင် (၆)ညအိပ် (၇)ရက်နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား(TBP)-တစ်ခါသုံးကဒ်များကို စတင်ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။