ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့က ကျင်စန်းကျော့ယာဥ်ရပ်နားကွင်းမှာ ရပ်နားထားတဲ့ ကုန်တင်ကားများပေါ်ကို နိုဝင်ဘာလ၂၃ရက်မနက်ပိုင်းက လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကုန် တင်ကားများ မီးလောင်မှုဖြစ်ပွားနေတယ်လို့ ဒေသခံသ တင်းရင်းမြစ်များဆီက သိရပါတယ်။


“ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်လိုက်တာလဲတော့ မသိဘူး။ကုန်တင်ကားတွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကားတွေ မီးလောင်နေပါတယ်။မီးလောင်နေတဲ့ကားတွေကလည်း ကုန်အပြည့်နဲ့ကားတွေဖြစ်ပါတယ်။ကားပိုင်နဲ့ကုန်သည်တွေအတွက် ဆုံး ရှုံးနစ်နာမှုများပါတယ်”လို့ ဒေ သခံတစ်ဦးက ပြောပါတယ်။
ကျင်စန်းကျော့ယာဥ်ရပ်နားကွင်းမှာ ရပ်နားထားတဲ့ကုန် တင်ကားအရေအတွက်မှာ အစီးရေ၁၀၀ကျော်လောက်ရှိပြီး မနက်၁၀နာရီလောက်ထိ မီးမငြှိမ်းနိုင်သေးဘူးလို့လည်း သိရပါတယ်။
Visited 16 times, 1 visit(s) today



