မူဆယ်၁၀၅မိုင်မှာ စစ်ဘေးရှောင်တွေ ကြိုဖို့သွားတဲ့ ပရ ဟိတအသင်းကား လမ်းမှာ အပစ်ခံရ

မူဆယ်၁၀၅မိုင်မှာ စစ်ဘေးရှောင်တွေ ကြိုဖို့သွားတဲ့ ပရဟိ တအသင်းကားကို နိုဝင်ဘာလ၃၀ရက် နေ့လယ်ပိုင်းက လမ်းမှာ အပစ်ခံရခဲ့ရတယ်လို့ စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ ပရဟိတအသင်းတခုဆီက သိရပါတယ်။

“ပရဟိတအသင်းကားတွေ တတိယအကြိမ်စစ်ရှောင်သွားကြိုတာ မကြိုနိုင်ပဲ အသင်းကားအားလုံး လမ်းတစ်ဝက်ကနေ မူဆယ်ကိုပြန်လှည့်ခဲ့ရပါတယ်”လို့ပရ ဟိတအသင်းသားတဦးကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကိုသွားရောက်ကူညီဖို့သွားတဲ့ပ ရဟိတအသင်းကားတွေမှာ အသင်းတံဆိပ်အ သင်းစတေကာ၊ကယ်ဆယ်ရေးမီးတန်းနဲ့အလံဖြူပါထောင်ပြီး သွားကြိုခဲ့ကြတယ်လို့ သိရပါတယ်။

ပရိဟိတတေအသင်းတွေ သွားရောက်ခေါ်ဆောင်ချိန်မှာ ပြည်သူအချို့က မလိုက်ပါဘဲ နေအိမ်တွေမှာကျန်ခဲ့တာဘေးကင်းမယ့် ထင်တဲ့နေရာများမှာ ဗုံးခိုကျင်းနဲ့နေကြတာRC တိုက်တွေမှာစု​ပြီး နေထိုင်ကြတာတွေ ပြုဃလုပ်နေတယ်လို့ သိရပါတယ်။

“ဘာသာလူမျိုးမခွဲခြားပဲ သွားကြိုကြတာပါ ၊ပရဟိတကားတွေကိုယ်တော့ မပစ်ကြပါနဲ့ ၁၀၅-မိုင်မှာ စစ်ပွဲကြောင့်ပိတ်မိနေသူတွေရှိပါသေးတယ်”လို့ ကူညီပေးသူတဦးက ပြောပါတယ်။

သည်နေ့နေ့လည်(၁၂)နာရီခန့်မှာ ပစ်ခတ်သံများကြောင့် စစ်ရှောင်တွေကိုခေါ်ဆောင်နိုင်ခြင်းမရှိသေးဘဲ အခြေဧအနေ စောင့်ကြည့်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၇ရက်နေ့ကလဲမူဆယ်မြို့၁၀၅-မိုင်မှာရှိတဲ့ နို့စားနွားမွေးမြူရေးခြံထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ် ၁၀၅ မိုင်အနီးမှာ နိုဝင်ဘာ၂၆ ရက်ကစပြီး တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *