မူဆယ်(၁၀၅)မိုင်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ Drop ဗုံးပြုတ်ကျ ပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုင်းယု(၁၀၅)မိုင်အုပ်စု၊အောက် နမ့်ဟွယ်ကျေးရွာ၊ဇေယျမင်္ဂလကျောင်းတိုက်အတွင်း နိုဝင် ဘာ၂၂ရက် နေ့လယ်၁၁နာရီ၄၉မိနစ်က Drop ဗုံးတစ်လုံးပြုတ်ကျ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“သူတို့တိုက်တာကတော့ ၁၀၅မိုင်ဗျူဟာကုန်းကိုလို့ ကြားမိတယ်။ဒါပေမယ့် သူတို့ရဲ့ဗုံးကဘုန်းကြီးကျောင်း ထဲလာကျပြီး ပေါက်ကွဲသွားတယ်။ကိုရင်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Drop ဗုံးပေါက်ကွဲမှုကြောင့် ဇေယျမင်္ဂလကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ကိုရင်ကြီးတစ်ပါးဟာ ပေါင်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျောင်းတိုက်အ တွင်းရှိ အ ဆောက်အဦ ၃လုံးနဲ့မော်တော်ယာဥ် ၂စီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *