မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ငွေလုယက်ခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့၊ ဈေးလမ်းကြားမှာ သြဂုတ်လ၂၇ရက် မနက်၈နာရီက အသက်၄၅နှစ်အရွယ်အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ငွေလုယက်ခံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ၂ရက်မနက်၈နာရီခန့်က မူဆယ်မြို့၊ဈေးလမ်းကြားမှာ အမည်မသိအမျိုးသားသုံးယောက် ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ကာ အမျိုးသမီးထံမှ ငွေလုယက်ပြီးထွက်ပြေးသွားခဲ့ရာ သေနတ်နဲ့ပစ်ခံရတဲ့ အမျိုးသမီးမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် မူဆယ်ဆေးရုံမှတဆင့် ရွှေလီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *