ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့မှာ အောက်တို ဘာလ၂၇ရက်နေ့မှစတင်ပြီး လက်နက်ကိုင်အဖွဲ့သုံးဖွဲ့နဲ့စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားနေတာကြောင့် လမ်းပန်းခရီးဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကာ အခြေခံစားသောက်ကုန်စျေးတွေ အဆမ တန်မြင့်တက်လာမှုကို ပြည်သူများ ခံ စားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပုံမှန်ရှိသင့်တဲ့ ကုန်စျေးနှုန်းထက်တက်နေရတဲ့အထဲမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ အခြေခံစားသောက်ကုန်စျေးတွေက ရှိ သင့်တဲ့ စျေးထက် သုံးဆလောက် ခုန်တက်သွားတယ်” လို့ မူဆယ်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ခံတစ်ဦးကလည်း” လက်ရှိအချိန်မှာ ဆန်တစ်ပြည်ကို ၁၂၀၀၀ကျော်နေပြီ။အသားငါးစျေးကလည်း မတအားခုန်တက်သွားတဲ့အပြင် ပြတ်လတ်ချင်နေပါပြီ။ကြက်ဥတစ်လုံး ၁၀၀၀၊ ၅၀၀ လောက်ပဲတန်တဲ့ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ၁၅၀၀လောက်ရှိနေပြီ။တိုက်ပွဲတွေ မြန်မြန်ပြီးစေချင်ပြီ။ ကြာရင် ပြည်သူတွေ စားဖို့အရေးတောင် ဒုက္ခ ရောက်ကြတော့မယ်”လို့ ပြောပါတယ်။
မူဆယ်မြို့ခံပြည်သူများအနေနဲ့ စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာမှုဒဏ်တွေအပြင် စက်သုံးဆီ ပြတ်လတ်မယ့်အရေးကိုလည်း ခံစားနေရတယ်လို့ သိရပါတယ်။
လတ်တလောအချိန်မှာတော့ လားရှိုးနဲ့မူဆယ်အကြားမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် နောင်ချိုမြို့နယ်၊ကျောက်မဲမြို့နယ်တို့အပါဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မကြာခဏဆိုသလို စစ်တပ်နဲ့လက် နက်ကိုင်အဖွဲ့အစည်းတွေကြား တိုက်ပွဲများဖြစ်နေကြတာကြောင့်ဒေသခံတွေအနေနဲ့ တိုက်ပွဲများရဲ့ နောက် ဆက်တွဲဆိုးကျိုးများကို ခံစားနေကြရတယ်လို့လည်း သိရပါတယ်။