မူဆယ်မှာ ပတ်စပို့စ်စာအုပ်အနီလုပ်ဖို့ တုံကင်ရရန် လဝကရုံးမှာ ညအိပ်တန်းစီနေရ

ဇန်နဝါရီ၊၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာနိုင်ငံကူးလက် မှတ် ပတ်စပိုစ့်စာအုပ်အနီ ပြုလုပ်ခွင့်ရဖို့ တုံကင်ရရှိရန်အတွက်လဝကရုံးရှေ့မှာ ညအိပ်တန်းစီနေကြတယ်လို့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။

“ညမထွက်ရအမိန့် ရှိပေမယ့် နိုင်ငံခြားအလုပ်ထွက်လုပ်မယ့်သူများ​လို့တန်းစီကြတာ၊စာအုပ်ထွက်ဖို့တလလောက်စောင့်ရမယ်လို့ပဲသိရတယ်ည၇နာရီကတည်းကစီနေကြတာ သတ်မှတ်ထားတဲ့အရေအတွက်ပြည့်ရင်ပေးမဝင်တော​့ဘူး”လို့မူဆယ်မြို့ခံတဦးကပြောပါတယ်။

မူဆယ်ခရိုင်လဝကရုံးရှေ့မှာ ညနာရီကတည်းက ညအိပ်တန်းစီနေကြရတာဖြစ်ပြီး၊တပတ်ကို၅ရက်ရုံးဖွင့်ချိန်အတိုင်းပတ်စပိုစ့်တုံကင်ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ်ပတ်စပိုစ့်စာအုပ်လုပ်ရင်ပြင်ပပေါက်စျေး၅သိန်းဝန်းကျင်ထိပွဲစားတွေကတောင်းယူနေတယ်လို့ မူဆယ်ဒေသခံတဦးက ပြောပါတယ်။

“ကိုယ်တွေအိမ်နားကလူတွေကိုတုံကင်စီဖို့အယောက်လိုလို့တဲ့လာခေါ်သွားကြတယ်လိုက်မလားလိုက်မလား

တစ်ယောက်တစ်သောင်းဆိုပဲပွဲစားတွေသောင်းကျန်းနေကြတာ”လို့မြို့ခံတဦးကပြောပါတယ်။

နိုင်ငံကူးလက်မှတ်စာအုပ်အနီလျှောက်ထားသူများဟာ လူကိုယ်တိုင် လာရောက်လျှောက်ထားရမယ်လို့သိရပြီး၊စာအုပ်အနီ(၁)ကြိမ်သာ ထုတ်ယူထားပြီး သက်တမ်းပြည့်သူများနဲ့ မိတ္တူလျှောက်ထားသူများ စာအုပ်အဟောင်း ပြန်လည်အပ်နှံရမယ်လို့မူဆယ်မြို့ကမ်းလက်ကူညီပရဟိတအသင်းကညအသိပေးထားပါတယ်။

မူဆယ်မြို့ မှာတရုတ်နိုင်ငံဖက်သွားတဲ့နယ်စပ်ဖြတ်ကျော်ခွင့်တစ်ခါသုံးလက်မှတ်ပေးတဲ့နေရာတွေမှာလဲ တန်းစီသူတွေများနေပြီး၊မူးလဲသူတွေရှိနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *