မူဆယ်မြို့ပေါ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာလိုအပ်နေ

ဒီဇင်ဘာလ၊၃

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းမော်ကျေးရွာသားများနဲ့ ၁၀၅ မိုင်ရှိဒေသခံတွေ မူဆယ်မြို့ပေါ် နီးစပ်ရာ အမျိုးအိမ်များနဲ့ ဘုန်းကြီးကျောင်းများတွင် တိုက်ပွဲရှောင်နေကြရပြီးစားနပ်ရိက္ခါလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီသူတွေဆီက သိရပါတယ်။

“အခုလောလောဆယ်တော့ စားဖို့ဆန်တော့ရှိသေးတယ်၊ ဒါပေမယ့် သောက်ရေမရှိဘူး၊ သောက်ဖို့ရေ နဲ့စားသောက်ဖို့ ဟင်းတွေအဓိက လိုအပ်နေတယ်

စစ်ရှောင်တွေသွားကြည့်တော့ ကလေးတွေက ဝမ်းလျှော ဝမ်းပျက်တာတွေ ဖြစ်ကြတယ်၊ အခုက စစ်ရှောင်တွေကို လာကူပေးတဲ့အဖွဲ့အစည်း မရှိဘူး သူတို့ အတွက် ဆေးဝါးတွေလိုအပ်တယ်လို့” ပရဟိတအသင်းတခုက​ပြောပါတယ်။

စစ်ရှောင်ပြည်သူများဟာ သက်ကြီးရွယ်အိုနဲ့ ကလေးများအပါအဝင် အမျိုးသမီးအများဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်နေတယ်လို့ သိရပါတယ်။

၁၀၅မိုင် ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှာ ညီနောင်မဟာ မိတ်နဲ့ မြန်မာစစ်တပ်တို့အကြား၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၈ ရက်နေ့ကစကာ မန့်မော်ရွာ နဲ့ ၁၀၅ မိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မူဆယ်မြို့က ဟိုမွန်စစ်ရှောင်စခန်းမှာ (၇၆) ဉီး၊ ဂေါ်ရခါးစခန်းမှာ (၇၉) ဦး နဲ့ နမ့်ခွန်စစ်ရှောင်စခန်းမှာ (၃၀၀) ကျော်ရှိပြီး စုစုပေါင်း ၄၀၀ ကျော်ရှိပြီး စစ်ရှောင်များကို ကူညီပေးမည့် အလှူရှင်များလိုအပ်လျက်ရှိပြီး ကျန်းမာရေးအတွက် အခြေခံဆေးဝါးများလည်း လိုအပ်နေပါတယ်လို့ တအောဝ်းအမျိုးသမီးအဖွဲ့အစည်းက အသိ​ပေးထားပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *