မူဆယ်မြို့နယ်မှာ ပြည်သူတွေကိုပြန်ပေးဆွဲငွေညစ်နေတဲ့နေတဲ့ အဖွဲ့ဖမ်းမိ

၂၂ ဧပြီ၊ ၂၀၂၄

ရှမ်းမြောက်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ပြည်သူတွေကိုပြန်ပေးဆွဲငွေညစ်နေတဲ့နေတဲ့ အဖွဲ့ထဲကလို့ သံသယထားခံရတဲ့ လူငယ် အမျိုးသား ၉ ဦးကို စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေက ဖမ်းမိထားပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီအဖွဲ့ကို​ ဧပြီလ၂၀ရက်နေ့က မန်မိုင်ရွာသွားတဲ့လမ်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိရသူတွေထဲမှာ အသက် ၁၇ နှစ်ကနေ အသက် ၃၀ နှစ်အရွယ်တွေဖြစ်တယ်လို့ ​မူဆယ်မြို့ခံ ပြည်သူအချို့က ပြောပါတယ်။

ဒီအဖွဲ့ကို cctvမှတ်တမ်းတွေကနေ ခြေရာခံဖမ်းမိခဲ့တာဖြစ်ပြီး၊သူတို့ဟာ စီးပွါးရေးအဆင်ပြေသူတွေသာမကလူမူကူညီရေးအသင်းကသူတွေကိုပါဖမ်းဆီးငွေတောင်းနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဖမ်းမိတာကောင်းတယ်။စီးပွားရေးအဆင်ပြေတဲ့သူတွေကို အဓိကပစ်မှတ်ထားတယ်။သိန်းကိုထောင်ချီပေးဖို့တောင်းတာ။မြို့ကတော်တော်များများခြိမ်းခြောက်ခံနေရတယ်။ဖမ်းပီးသေချာအပြစ်ပေးပါ” လို့မြို့ခံတဦးကပြောပါတယ်။

မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် ဆေးခန်းက ဆရာဝန်တစ်ဦးကို ဧပြီလရက်နေ့ကလူ ၄ ဦးက ကားနဲ့ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

မူဆယ်မြို့မှာ လက်နက်ကိုင်အဖွဲ့အများအပြားရှ်ိနေကြပြီး လုပ်ငန်းရှင်တွေကိုခြိမ်းခြောက်ငွေတောင်းတာ ပြန်ပေးဆွဲတာမကြာခဏကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *