မူဆယ်မြို့တွင် Sniper ပါ (၁)လက်အပါအဝင် သေနတ် ၁၇ လက် ၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများ ဖမ်းမိ

မူဆယ်၊ ဧပြီ ၅

မူဆယ်မြို့တွင် Sniper ပါ (၁)လက်အပါအဝင် သေနတ် ၁၇ လက် ၊ လက်ပစ်ဗုံး စသော လက်နက်ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက သိရသည်။

ဧပြီလ ၅ ရက် မွန်းလွဲ   ၁ နာရီခွဲအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက် အယ်၏နေအိမ်ကို သတင်းအရရှာဖွေရာ ဂွမ်းမိုင်(ခ)မာဂွမ်း၊ အဆာဖ နှင့် ဇော်လတ်  တို့ ၃ ဦးအား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုး အစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ .22 Sniper ပါ(၁)လက်၊ ၁၂ ဗို့ ၁ လုံးထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ကျည်(၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ် မျိုးစုံ (၁၅)ခု၊ လက်နက်ပြုပြင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထပ်မံ စစ်ဆေးဖော်ထုတ်ချက် အရ ယင်းနေ့တွင်ပင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ပိုင်ဆိုင် သည့်နေအိမ်ကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ် ပြောင်း ဆေးဝါး Happy Water ၉၉ ဂရမ်၊ ကျည်မျိုးစုံ ၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက် ရှိ ကြောင်း မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *