မူဆယ်နယ်စပ်ဂိတ်များတွင်တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်/ထွက်ကတ် (တစ်ခါသုံး)ကတ်များ စတင်ပြုလုပ်ပေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ နယ်စပ်လူဝင်/ထွက်ဂိတ်များနှင့်ကူး သန်းရောင်းဝယ်ရေး နယ်စပ်ကုန်သွယ် ရေးဂိတ်များမှာ စက်တင်ဘာလ၄ရက် မှ စတင်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်/ထွက်ကတ်(တစ်ခါသုံး)ကတ်များကို လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စတင်ပြုလုပ်ပေးနေကြောင်း

သိရသည်။

မည့်သည့်ဒေသမှမဆို ပြည်သူအားလုံး နိုင်ငံ သားစီစစ်ရေးကဒ်ပြားဖြင့် တရား ဝင်(၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင် ငံဝင်/ထွက်ကဒ်များ ပြုလုပ်ပေးလျက်ရှိ ရာ နိုင်ငံသားတိုင်း မိမိ၏နိုင်ငံသားစီစစ် ရေးကဒ်အမှတ်(EID) မှန်ကန်ပါက တစ်ခါသုံး နှစ်နိုင်ငံဝင်/ထွက်ကတ် (TBP)များကို အဝင်/အထွက်စာရွက် စာ တမ်းဝန်ဆောင်ခ မြန်မာကျပ်ငွေ(၁၀၀၀) ကျပ်ဖြင့် နယ်စပ်လူဝင်/ထွက်ဂိတ်များ ရှိ လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြုလုပ်ဆောင်ရွက်ပေးကာ တစ်ခါသုံးကဒ်ဖြင့် တရုတ်နိုင်ငံသို့ စတင် ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရ သည်။

မူဆယ်မြို့ရှိ နယ်စပ်လူဝင်/ထွက်ဂိတ် များနှင့် ကူးသန်းရောင်းဝယ်ရေး နယ် စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်- ၁၉ ရောဂါပြန့်ပွားမှုကြောင့် ၂၀၂၁ခုနှစ်၊မတ် လကုန်ပိုင်းမှ စ၍ နှစ်နိုင်ငံလူဝင်/ထွက်နှင့်ကူသန်းရောင်းဝယ်မှုတို့ အား ခတ္တယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ စ၍ ကူးသန်းရောင်းဝယ် ခြင်း နှင့် လူဝင်/ထွက်ဂိတ်များကို နှစ် နိုင်ငံဝင်/ထွက်စာအုပ်(BP)စာအုပ်များ အား စတင်ပြု လုပ်ပေးခဲ့ကာ ဝင်/ထွက် သွားလာနိုင်ခဲ့သည်ဖြစ်ရာ စက်တင်ဘာ လ၄ရက်နေ့လယ်၁၂နာရီမှ စပြီး မြန်မာ နိုင်ငံ မည့်သည့်ဒေသမှ ပြည်သူကိုမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင် (၆)ညအိပ် (၇)ရက်နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား(TBP)-တစ်ခါသုံးကဒ်များကို စတင်ပြုလုပ ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *